|
Page - 2
လက်ဖက်ခြောက်
ကမ္ဘာပေါ်မှာ ကျော်ကြားလှတဲ့ Green Tea ခေါ်လက်ဖက်ခြောက်တွင်
ဓာတ်တိုးဆန့်ကျင်ပစ္စည်း
တွေအမြောက်အမြားပါဝင်ပါတယ်။ အသားအရေလှပကောင်းမွန်စေတယ်လို့
လက်ခံယူဆပြောဆိုကြပါ
တယ်။ ကမ္ဘာမှာလူသိရှင်ကြားလူကြိုက်များတဲ့မင်းသား၊ မင်းသမီးတွေ၊
စူပါအဆိုတော်တွေကသူတို့အသား
အရေလှအောင် လက်ဖက်ခြောက်ခတ်တဲ့ရေနွေးကြမ်းတစ်နေ့လျှင် ၅ ခွက်မှ ၆
ခွက်အထိတောင်သောက်
ပေးကြပါသတဲ့။ ဒါကြောင့်သူတို့တွေလက်ခံပြီးအလုအယက်မသောက်ကြသေးတဲ့အချိန်ကစပြီး
မိရိုးဖလာ
သောက်ခဲ့ကြတဲ့ အာရှတိုက်သားတွေအသားအရေလှတာ၊ နူးညံ့တာဘာ့ကြောင့်ဆိုတာ
ဖော်ပြစရာမလိုတော့ပါဘူးနော်။
Good Helath အတွဲ ၄၊ အမှတ် ၃၁၊
လက်ဖက်ရည်ကိုဘာ့ကြောင့်ကြိုက်ရတာလဲ
လက်ဖက်ရည်ကိုလူတိုင်းကြိုက်ကြပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
၁ - စိတ်ဖိစီးမှုကိုပြေလျော့ စေတယ်၊
၂ - ကုန်ခန်းတဲ့အင်အားကိုပြန်လည်ဖြည့်တင်းပေးတယ်၊
၃ - နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်ပွားအောင်ကာကွယ်ပေးတယ်၊
၎ - ၀မ်းမချုပ်စေပါ၊
၅ - အရက်နာကျရင်သက်သာစေတယ်၊
၆ - အရိုးနဲ့ သွားများကိုခိုင်မာစေတဲ့ကယ်လ် ဆီယမ်ဓာတ်
ကြွယ်ဝတယ်၊
၇ - ခန္ဓာကိုယ်သွယ်လျစေတယ်၊
၈ - ဆီးအိမ်ရောင်ရမ်းရောဂါကာကွယ်ပေးတယ်၊
၉ - ဇင့်ဓာတ် ဖောလစ်အက်စစ်တို့ စုပ်ယူရန်အထောက်အကူပေးတယ်၊
၁၀ - တက်ကြွလန်းဆန်းစွာအလုပ်လုပ်နိုင်ရန်အားပေးပါတယ်။
မေ Ref: Internet / Good Health - အတွဲ ၄၊ အမှတ် ၃၅
လက်ဖက်ရည်နှင့် HIV
Green Tea ဂရင်းတီးလို့ခေါ်တဲ့လက်ဖက်ရည်ကိုသောက်သုံးခြင်းဟာ HIV
ပိုးမှကာကွယ်နိုင်ကြောင်း
သုတေသနတစ်ရပ်ကဖော်ထုတ်လိုက်ပါတယ်။ လက်ဖက်ရည်ထဲမှာပါတဲ့ EGCG
လို့အတိုကောက်အားဖြင့်
ခေါ်တဲ့ပါဝင်ပစ္စည်းတစ်မျိုးကကိုယ်ခံအားစနစ်ကလာပ်စည်းများဆီသို့ဦးဆောင်ရောက်ရှိကာ
HIV ပိုးကိုယင်း
ကလာပ်စည်းများနဲ့တွဲချိတ်ပြီးမရအောင်ကာကွယ်နိုင်ကြောင်းသုတေသီများကတွေ့ရှိရပါတယ်။
EGCG က
ကိုယ်ခံအားစနစ် ကလာပ်စည်းများထဲ ရောက်သွားပါက HIV ပိုးဟာ
၎င်းရဲ့ပုံမှန်နည်းလမ်းဖြင့် ခြေကုပ်ယူရန်
နေရာပျောက်သွားပါတယ်။
ယင်းသုတေသနကိုအမေရိကန်နဲ့ယူကေနှစ်နိုင်ငံပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် ယင်းသုတေသနက
အလွန်စောသေးတဲ့အဆင့်မှာပဲ ရှိသေးကြောင်း
သုတေသီများကဆိုပါတယ်။
ဂရင်းတီးသောက်ခြင်း ဟာ HIV ပိုးကူးစက်ခံရမယ့်အန္ကရာယ်ကိုလျော့ပါးစေနိုင်သလို၊
HIV ပိုးပြန့်ပွားမှုကိုလည်းနှေးကွေးသွားစေနိုင်တယ်လို့
မိမိတို့ရဲ့ သုတေသနက ဖော်ပြလိုက်ခြင်းလည်းဖြစ်ပါတယ်။ ဤတွေ့ရှိချက်သည် ယင်းက
ကုသမှုမဟုတ်သလို ကူးစက်မှုကိုကာကွယ်ရန်လုံခြုံ
စိတ်ချရတဲ့နည်းလမ်းလည်းမဟုတ်သေးကြောင်း၊ ဒါပေမယ့်ကူးစက်ခံထားရသူ
ရောဂါရှင်များအတွက် အသက်ရှင်ရပ်တည်နိုင်မှုအရည်အသွေး
ကိုတိုးတက်ကောင်းမွန်စေရန်
သမားရိုးကျဆေးဝါးများနဲ့ပေါင်းစပ်အသုံးပြုသင့်တယ်လို့
သိရပါတယ်။
ထွန်းဇံ / Good Health - အတွဲ ၄၊ အမှတ် ၄၁
နှုတ်ခမ်းမွေးစစထွက်နေသောအပျိုပေါက်များ
လက်ဖက်ရည်များများသောက်ပါ
ခန္ဓာကိုယ်မှ မလိုလားအပ်တဲ့ အမွေးအမှင်တွေကိုဖယ်ရှားလိုသူ
အမျိုးသမီးတွေအတွက်ပူရှိန်းလက်
ဖက်ရည် (Mint Tea) ဟာ အထောက်အကူဖြစ်စေတယ်လို့သိရပါတယ်။
သုတေသနတစ်ခုမှာနေ့စဉ်ပူရှိန်း
လက်ဖက်ရည် (Mint Tea) ၂ ခွက်၊ ၅
ရက်ဆက်တိုက်သောက်ခြင်းဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာအမွေး
အမှင်ထူပြောမှု တစ်စိတ်တစ်ပိုင်းဖြစ်စေတတ်တဲ့ ခန္ဓာကိုယ်မှာ အမွေးအမှင်ထူပြောမှု
တစ်စိတ်တစ်ပိုင်းဖြစ်စေ
တတ်တဲ့ ကျားဟော်မုန်းအင်ဒရိုဂျင်ပမာဏ
ကိုလျော့ကျစေနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ မိန်းကလေးတွေမှာ
အမွေးအမှင်ထွက်ရှိမှုဟာ ကျားဟော်မုန်းဓာတ်တွေများပြားမှုကြောင့်
ယောက်ျားတစ်ဦးကဲ့သို့ နုတ်ခမ်းမွေးစထွက်စေတတ်တဲ့သဘာဝရှိပါ
တယ်။ မိန်းကလေးတွေမှာ အမွေးအမှင်ပေါများမှုကိုကုသဖို့အတွက်လက်ရှိသုံးစွဲနေတဲ့
ကုထုံးနည်းလမ်းတွေကတော့ ပဋိသန္ဓေတားဆေးတွေ
ကိုသောက်ပြီး၊ ကျားဟော်မုန်းထုတ်လုပ်ထွက်ရှိမှုကို
ထိန်းထားပေးခြင်းနှင့်တခြားသော ဆေးဝါးများနှင့်
ကုသခြင်းပင်ဖြစ်သည်။ သို့သော်
ယခုလေ့လာချက်အရ လက်ဖက်ရည်ဟာ အမျိုးသမီးတွေမှာ အမွေးအမှင်ထူပြောတဲ့ပြဿနာအတွက်
အကောင်းဆုံးသဘာဝဆေးစွမ်းကောင်း
တစ်လက်ဖြစ်ကြောင်းတူရကီနိုင်ငံ၊ အက်စ် ပါတာမြို့က ဒီမီရယ်တက္ကသိုလ်မှ
ပါမောက္ခမိုဟာ မက်နူမန်တီးမားက ဆိုပါတယ်။ ဒီသုတေသနမှာ
အမျိုးသမီး ၂၁ ယောက်ပါဝင်စမ်းသပ်ခဲ့ ပြီး၊ စမ်းသပ်ကာလပြီးသွားတဲ့အခါ
လက်ဖက်ရည်မှန်မှန်သောက်တဲ့ အမျိုးသမီးတွေထဲမှာကျားဟော်
မုန်းအင်ဒရိုဂျင်ပမာဏဟာ သိသိသာသာကြီးလျော့နည်းကျဆင်းနေတာကို
တွေ့ကြရပါတယ်။ဒီအဖြေရလဒ်ကိုရသော်လည်းကျားဟော်မုန်း
ပမာဏ လျော့ကျသွားခြင်းဟာအမျိုးသမီးတွေမှာအမွေးအမှင်ထူပြောတဲ့ပြဿနာကိုဘယ်လောက်အထိအထောက်အကူပြုတယ်ဆိုတာတော့
ဆက်လက်လေ့လာသုတေသနပြုဖို့လိုပါသေးတယ်လို့ ပါမောက္ခတီးမားက
ဆက်လက်ပြောဆိုခဲ့ပါတယ်။
ကိုလေး Ref: Internet / Good Health - အတွဲ ၄၊ အမှတ် ၄၁
ပုံစံသစ်တစ်မျိုးနဲ့လက်ဖက်ရည်
ကမ္ဘာပေါ်မှာလူတွေဟာ
လက်ဖက်ရည်ကိုအသောက်များကြပါတယ်။ ဘာ့ကြောင့် လူတွေလက်ဖက်
ရည်ကိုသောက်နေကြသလဲဆိုတော့ လက်ဖက်ရည်ဟာ လူတွေကို ကောင်းကျိုးပြုသော အစာအာဟာရ
ဓာတ်တစ်ခုဖြစ်နေလို့ပါပဲ။ ခရစ်တော်မပေါ်မီ ၂၇၃၇ ခုနှစ်လောက်က
တရုတ်ပြည်ရှယ်နန်းဘုရင်လက်ထက်
မှာ၊ သူသောက်မယ့် ပွက်ပွက်ဆူထားတဲ့ရေနွေးခွက်ထဲ
သစ်ရွက်တချို့မတော်တဆကျရောက်နေတာကိုမ
သိဘဲ သောက်လိုက်ရာ၊ အနံ့အရသာနှင့် ပြည့်စုံသော
အရည်တစ်ခုဖြစ်နေတာကိုတွေ့ခဲ့ရသတဲ့။
အဲဒီသစ်ရွက်ဟာ လက်ဖက်ရွက်ပါပဲ။
အဲဒါဟာလက်ဖက်ရည်ရဲ့သမိုင်းအစပါပဲ။လက်ဖက်ထဲမှာပါဝင်တဲ့
သဘာဝပစ္စည်းတွေအကြောင်းလူတွေ
မသိခင်ကတည်းကလူတွေလက်ဖက်ကို သုံးစွဲနေကြတာ၊ လက်ဖက်ရဲ့ ကောင်းကျိုးအာနိသင်တွေ
လက်တွေ့ခံစားနေကြရလို့ဖြစ်ပါတယ်။
သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုပြုတဲ့အခါ
တွေ့ရှိခဲ့ရတဲ့လက်ဖက်ထဲမှာပါဝင်တဲ့သဘာဝပစ္စည်းအချို့ကို
ကောက်နုတ်ဖော်ပြလိုပါတယ်။
လက်ဖက်ထဲမှာကဖင်းဆိုတဲ့လူရဲ့ဦးနှောက်ကိုလန်းဆန်းတက်ကြွစေသောဓာတ်တွေပါပါတယ်။
ကဖင်းဓာတ်က ဆီးရွှင်စေတဲ့ သတ္ကိရှိသဖြင့်
လူ့ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကို သန့်စင်စေပါတယ်။ ဒါ့အပြင်
သီအိုဖိုင်လင်းနဲ့ သီအိုဘရိုမင်းလို့ခေါ်သော ပစ္စည်း (၂) မျိုးက၊
လူ့
ခန္ဓာကိုယ်ထဲမှာရှိသော ကြွက်သားများကို ပြေလျော့ပျော့ပျောင်းစေသောကြောင့်
စိတ်ဖိစီးမှုဖြစ်ခြင်းကိုသက်သာလျော့နည်းစေပါတယ်။
လက်ဖက်ထဲမှာပါတဲ့ဖလေဗင်နွိုက်လို့ခေါ်သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများက
သွေးတွင်းအဆီဓာတ်ကိုလက်စထရောကိုလျော့နည်းစေတဲ့
အတွက် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။
သွေးများစေးပျစ်ပြီးမခဲအောင်ကာကွယ်ပေးတဲ့အတွက်
ဦးနှေက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းများကို ကာကွယ်နိုင်ပြန်ပါတယ်။
လက်ဖက်ထဲမှာ ဖလူအိုရိုက်ဓာတ်ကြွယ်ဝတဲ့အတွက်သွားပိုးစား
ခြင်းနှင့် သွားဖုံးရောဂါအမျိုးမျိုးဖြစ် ခြင်းမှလည်းကာကွယ်ပေးပါတယ်။
ကယ်လ်စီယမ်ဓာတ်လည်းကြွယ်ဝတဲ့အတွက်ကြောင့် အရိုးနဲ့သွားများ
ကိုခိုင်မာစေပါတယ်။ ဇင့်ဓာတ်ပါလို့ကိုယ်ခံအားကိုမြင့်တက်စေတယ်။
အနာကျက်မြန်စေတယ်။ဗီတာမင်ဘီတူး များစွာပါဝင်လို့ဆံပင်နဲ့ခြေ
သည်း၊ လက်သည်းများကျန်းမာသန်စွမ်းစေတယ်။ အရေးအကြီးဆုံးအာနိသင်ကတော့
ကင်ဆာကလာပ်စည်းဖြစ်စေတဲ့ အင်ဇိုင်းများကိုဟန့်
တားပေးခြင်း၊ ကင်ဆာကလာပ်စည်းများကို မတိုးပွားအောင်ဟန့်တားပေးခြင်း၊
မူမမှန်ကလာပ်စည်းများမဖြစ်အောင်ကာကွယ်ပေး ခြင်းစသည်
တို့ကြောင့်ကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်သောအစားအစာလို့လည်းဆိုနိုင်ပါတယ်။
တကယ်တော့ လက်ဖက်ရည်ကိုပုံစံအမျိုးမျိုး
နဲ့လူတွေသုံးစွဲနေကြတာပါ။ လက်ဖက်အစို၊ လက်ဖက်အချိုခြောက်၊
လက်ဖက်အကြမ်းခြောက်၊ လက်ဖက်အမှုန့်၊ လက်ဖက်ဂျယ်လီ စသည်
ဖြင့် တီထွင်သုံးစွဲ လျက်ရှိကြပါတယ်။ လက်ဖက်အချိုခြောက်ကို ရေနွေးနှင့်
နှပ်ကာ နို့ဆီ၊ သကြား၊ ရေနွေးတို့နှင့် ဖော်စပ်ပြီးသောက်သုံး
ကြရာမှ၊ ယခုအခါ အရည်ပုံစံသစ်တစ်မျိုးဖြင့် တီထွင်သုံးစွဲမှုများရှိလာပါတယ်။
ယခုအခါမှာတော့Lemon Tea ဆိုတာကမ္ဘာသုံးစကားလို
ဖြစ်လာပြီး၊ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ နှစ်ခြိုက်စွာသုံးစွဲနေကြပါပြီ။
Health Digest - အတွဲ ၃၊ အမှတ် ၂၀
Back To Top |